ဤအစီရင်ခံစာသည် HABRAS-MZZ Plantation Myanmar Co.,Ltd (နောင်တွင် MZZ ဟုသုံးမည်)၏ ဧရာဝတီတိုင်းဒေသကြီးတွင် တည်ထောင်မည့် အကြီးမြန်သစ်တောစိုက်ခင်းအတွက် ရေးသားပြုစုသည့် ပတ်ဝန်းကျင် ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာ (EIA Report) ဖြစ်ပါသည်။ သစ်တောဦးစီးဌာန ပြုလုပ်ခဲ့သည့် သစ်တောစိုက်ခင်းမြေ တင်ဒါတွင် အောင်မြင်ခဲ့သည့် တင်ဒါလုပ်ကွက်အမှတ် (၈၃) (၈၄) နှင့် (၈၇) စုစုပေါင်း ဧရိယာ (၁၂၅၀၁)ဧကတွင် စိုက်ခင်းထူထောင်မည် ဖြစ်ပါသည်။ ဤမြေနေရာသည် ဌာနမှ ကွင်းဆင်းပြီး မြေယာပြဿနာ ကင်းမဲ့ပြီး တောပျက်နေသည့်နေရာ၊ စိုက်ခင်းထူထောင်မှုကြောင့် ဂေဟစနစ်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုနည်းပါးသည့် နေရာတွင် တင်ဒါလုပ်ကွက်များ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ စိုက်ခင်းစီမံကိန်းကို နိုင်ငံခြား ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှမှုကော်မရှင်သို့ အဆိုပြုလွှာ တင်ပြခဲ့ရာ လုပ်ငန်းလိုအပ်ချက် ဖြစ်သည့် ပတ်ဝန်းကျင် ထိုခိုက်မှု ဆန်းစစ်ခြင်း ဆောက်ရွက်ရခြင်း ဖြစ်ပါသည်။